အင်ဂျန်းယန်မြို့နယ်၌ အသက် (၉)နှစ်မှ အသက် (၁၀)နှစ်အတွင်းရှိ မိန်းကလေးများအား (HPV)သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ဆေးထိုးနှံပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့၌ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အကြားရှိ မိန်းကလေးများအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။