တနိုင်းမြို့၌ စစ်ရှောင်စခန်းနေအိမ်ထောင်စု(၂၆)စုအတွက် ပြန်လည်နေရာချထားရေးနေရာသစ် ဖွင့်လှစ်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်၊ အင်္ဂါဂါး ကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအ တွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။