ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ကန်တုံကွင်း၊ မုတ်လွှဲကွင်းတို့တွင် လယ်သီးထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်နေမှုနှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံများတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ စိုက်ကွင်းများအတွင်း လယ်သီးထပ်ဆောင်းသီးနှံစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။