မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ် ဆင်ပေါင်ဝဲမြို့နယ်၌ ကျေးလက်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဇီးဖြူပင်ချောင်းရေကျော်အား သံကူကွန်ကရစ်ကြမ်းခင်း ရေကျော်တည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ် အတွင်း၌ ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဇီးဖြူပင်ချောင်းရေကျော် သံကူကွန်ကရစ်ကြမ်းခင်း ရေကျော်တည်ဆောက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၉ ရက်မွန်းလွဲ (၃)နာရီအချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။