ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ် ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။