ဦးစီးဌာန(ရုံးချုပ်)

ရွှေကျင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပွဲကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်း‌ကျောင်းခွဲ အစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်၊ စာစောင်များကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသပေးခဲ့သည်။

ဗန်းမောက်မြို့၌ ကျန်းမာရေးသုံးဆေးဝါး အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကျန်းမာရေး သုံးဆေးဝါးအရောင်းဆိုင်များအား သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို ဖေဖော်ဝါရီ ၄ရက်နေ့ ညနေပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဂွမြို့ သာသနာ့ဗိမ္မာန်၊ ဆပ်သွား အ.ထ.ကနှင့်  ကျိန္တလီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမများတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ (MDP) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ညောင်ဝိုင်းကျေးရွာ အောင်သစ္စာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် အဆိုပါလမ်းထိပ် မုခ်ဦး၌ ကျင်းပသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း စု‌ပေါင်း တံခွန်စိုက်ဖလား ဆုဆွတ်ခူး

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြသည်။

မဟာအောင်မြေမြို့နယ် သံလျက်မှော်(အရှေ့)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေး၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူဦးရေအိမ်ထောင်စုစာရင်းများ  ပေးအပ်ပွဲအခမ်းအနားကို မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်(အရှေ့)ရပ်ကွက် မန်းတော်သာဓမ္မာရုံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီက ကျင်းပပြုလုပ်သည်။

အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ မွန်းလွဲ(၁)နာရီက အမျိုးသမီးအကြမ်းဖက်မှု ဆိုင်ရာအသိ ပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)