ဦးစီးဌာန(ရုံးချုပ်)

တာချီလိတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အထက်ပိုင်းဒေသတွင် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး မြို့တွင်း ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဘိုးဘွားများအတွက် လူမှုရေးပင်စင်(၈၂၈)သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သုံးလတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ငွေပေါင်း (၈၂၈)သိန်းကျော် ထောက်ပံ့ပေးအပ်နိုင်ခဲ့သည်။

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ဝါသီးနှံ အထွက်တိုးဇုံ ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက ဝါသီးနှံအထွက်တိုးဇုံ ဆောင်ရွက် ထားရှိသည့် ကျေးရွာများသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဗန်းမော်ခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတိန့်ဆောင်နှင့် အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဝန်ထမ်းများ တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ခြင်းကို ဆေးထိုးအုပ်စု ငါးအုပ်စုဖြင့် အောက်တို ဘာ ၂၇ရက်မှ စတင်၍ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့ နံနက် ၈ နာရီက (ပြန်/ဆက်) ဦးစီးမှူးဦးကျော်လင်းနိုင်မှ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက် ပေးခဲ့သည်။

စားအုန်းဆီများသက်သာသောစျေးနှုန်းဖြင့်ရောင်းချလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ၂၂-၉-၂၈၂၁ (ဗုဒ္ဓဟူးနေ့) မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်ကားရောင်းချ သူများသို့ စားအုန်းဆီတစ်ပိဿာလျှင် လက်ကား ဈေး (၃၇၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး/ ထားဝယ်ခရိုင်/ မြို့နယ်ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး/ ထားဝယ်ခရိုင်/မြို့နယ် ဝန်ထမ်းများအား ဌာန၏ အက်ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့် လက်တွေ့ လုပ်ငန်းခွင့်၌ ကျွမ်းကျင်စွာဆောင် ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်လောင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၂) ဆေးထိုးစုရပ်တွင်ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်း ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac ) ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်

"ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ် နိုင်ငံတစ်ဝှမ်း ထိုးနှံပေးလျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်ရှိ ကျောင်းသား/သူ(၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက   ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေး ပြီးဖြစ်ကြောင်း သိရသည်။ 
Subscribe to ဦးစီးဌာန(ရုံးချုပ်)