ဦးစီးဌာန(ရုံးချုပ်)

ဆားလင်းကြီးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယနေ့ ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်၏ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင်  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန် အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၂) နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဒေသ ခံပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ် စတင်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို မာန်အောင်မြို့အထက အပါအဝင် ဆေးထိုးစုရပ်(၈)နေရာသတ်မှတ်ပြီး ယနေ့နံနက်၉နာရီမှညနေ၄နာရီထိ တစ်ပြိုင်တည်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ကို ပထမအကြိမ် စတင်ထိုးနှံကြစေရေး အသိပေး နှိုးဆော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ပထမအကြိမ် ထိုးနှံနိုင်ကြစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်း ကို ယနေ့နံနက် ၈နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ဆေးထိုးစုရပ်(၇)ခုတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းရည်မြှင့် သင်တန်း ကို ယနေ့ နံနက်(၉)နာရီခွဲက တောင်သူပညာ ပေးခန်းမဆောင်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၀ ဦးထပ်မံ‌တွေ့ရှိ၊ ၁ ဦး သေဆုံး၊ ၁၃ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့၌ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦးသေဆုံးကာ ၁၃ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နယ်လှည့်၍ ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အောက်တိုဘာလ(၁၃) ရက် နေ့မှစ၍ အသက်(၁၈)နှစ်အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကိုနယ်လှည့်၍ လိုက်လံ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(mask)အခမဲ့ဖြန့်‌ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား /ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရေးအသိပညာ ပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) အခမဲ့ဖြန့်‌ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကားဂိတ်နှင့် မြို့နယ်ရုံး ရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)