ဦးစီးဌာန(ရုံးချုပ်)

ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအတွင်းရှိ နေရာ (၂) ခုအား ကိုဗစ်-၁၉ ရောဂါ ဆက်လက်ပျံ့ပွားမှု မရှိစေရေး အသွားအလာ ကန့်သတ်နေရာ (Lock Down Area) အဖြစ်သတ်မှတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာ အတွင်းရှိ နေရာ (၂)ခုအား ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ မေလ ၁၉ ရက်၊ ရက်စွဲပါအမိန့်စာအမှတ် ၅၄/၂၀၂၀ အရ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၄ ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အဝင်အထွက် ကန့်သတ်နေရာ(Lock Down Area)အဖြစ် သတ်မှတ်သည့်အမိန့်ကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့် ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး မကွေးမြို့ ပြည်တော်သာရပ်ကွက်နှင့် အလယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နို်ငငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မကွေးမြို့ ပြည်တော်သာရပ်ကွက်နှင့် အလယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ( Sinopharm) ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား (Sinopharm) အမျိုးအစား ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်း (၉)နာရီမှစ၍ စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။ 

တနင်္သာရီမြို့နယ်အတွင်း ကျောင်းသား/သူ (၃၉၆၃)ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်အား တွေ့ဆုံမေးမြန်း

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းဖြင့် ကျောင်းသား/ သူများပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အခြေခံပညာကျောင်းသား/ သူများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးမှု၊ သေဆုံးမှုကို လျော့ချရန်နှင့် ၎င်းကျောင်းသား/သူများမှတစ်ဆင့် မိသားစု၊ ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်‌စေရန် စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မြို့ပြ/ကျေးလက်မကျန် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို (ပထမ)အကြိမ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးမည်ဖြစ်သဖြင့် အခြေခံပညာကျောင်း(၄၆)ကျောင်းတို့မှ အကျုံးဝင်သော ကျောင်းသား/သူ (၃၉၆၃)ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံမေးမြန်း၍ သိရှိရမှုများကို တင်ပြလိုက်ရပါသည်။

ရေဖြူမြို့နယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အသက် ၁၂နှစ်မှစတင်၍ အသက် (၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါကူးစက်မှု မရှိပဲ ပညာသင်ကြားနိုင်ခြင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ခြင်းဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အသက် (၁၂)နှစ်မှ စတင်ကာ အသက်(၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ပတ်သက်၍ ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်

ပေါက်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စံပြကွက်များ ရွေးချယ်စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက တင်း ၁၀၀နှင့်အထက် ထွက်ရှိရေး စံပြကွက် ဧက ၃၀ ကိုရွေးချယ်ပြီး စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက် မှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့်တွေ့ဆုံမေးမြန်းသည့် အမေးအဖြေများ

ဧရာဝတီတိုင်းဒေသကြီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ နှစ်သိန်းလေးသောင်း ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည်

ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာလအတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးရာတွင် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ အသက်အရွယ်များကို ထိုးနှံပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်း ကျော်ရှိပြီး ဆေးထိုးစုရပ် ၃၁၃ နေရာ၊ ဆေးထိုးအုပ်စုအဖွဲ့ ၂၄၀ နှင့် တပ်မတော်ဆေးတပ်ဖွဲ့မှအဖွဲ့ ၁၃ ဖွဲ့က ပူးပေါင်း၍ ရေလမ်းခရီးနှင့် ဝေးလံသည့်နေရာများသို့ သွားရောက်၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)