ဦးစီးဌာန(ရုံးချုပ်)

တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ -ဇီဝိတဒါနသံဃဆေးရုံ သီးသန့်လူနာ ကုသဆောင်နှင့်ဆေးရုံဝန်ထမ်းအိမ်ရာ Positive Centre စောင့်ကြည့်နေရာအတွင်း ကျန်းမာရေးစောင့်ကြပ်ပေး၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ(၇၁)ဦးရှိသည့်အနက်ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်ပြီဖြစ်သောလူနာ(၇)ဦးတို့အား ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်းခွင့်လက်မှတ်များကိုထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (​၃) ဦး  ထပ်မံ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ (၄၃၆) ဦးရှိပြီးဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ နှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ​၃ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်မှု သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှုအား ကောင်းလာသည်နှင့်အမျှ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်-၁၉ ကို စနစ်တကျဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းဖွင့်လှစ် ပေးခဲ့သည်။

မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်း များနှင့်​ စျေးမိသားစုများအားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့်စျေးမိသားစုအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမှုအား ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိစက်မှုဇုန်တွင် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိူးတင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ဒက္ခိဏ စက်မှုဇုန်ရှိ Sein Tet Aung (စိမ်းတက်အောင်)ကုမ္ပဏီပိုင် စက်ရုံဝင်းအတွင်း အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

တနိုင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်- ၁၉ လူနာများကို‌‌ ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ် -၁၉ ဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်စွာ ပါ၀င်ဆောင်ရွက်ကြသော ဌာနဆိုင်ရာများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းများကို ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခြင်းနှင့် တနိုင်းမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၁၈) ဦးတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ (၉) နာရီခွဲမှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေး ဖျန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာန ၊ မြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီက စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen Plant စက်တစ်လုံး မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာပြင်ဆင်လျက်ရှိ

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း Oxygen Plant စက်တစ်လုံးကို မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်နိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် အလှူရှင်များ ပူးပေါင်းတည်ဆောက်သွားမည့် စက်ရုံမြေနေရာအား သရက်ခရိုင်ဆေးရုံဝန်းအတွင်း မြေညှိရှင်းလင်းလျက်ရှိ ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၌ သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၁၉ခုနှစ်တွင် သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဩဂုတ် ၁၀ ရက်နံနက် ၁၀နာရီအချိန်က ကျင်းပသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)