ဦးစီးဌာန(ရုံးချုပ်)

သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပြီးသူ ၃၃၀၈ ဦးရှိ၊ ညောင်ရမ်းတိုက်နယ်ကျေးရွာများ၌ဆက်လက်ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံ ပြီးသူ ၃၃၀၈ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့ နံနက်ပိုင်းက  ညောင်ရမ်းတိုက်နယ်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌  ကာကွယ်ဆေး   ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တု ထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ

ကချင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်မှ ပေးပို့ လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေး သုံးပစ္စည်းများအား ယမန်နေ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါး နော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရ ယူခဲ့သည်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ် တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပလက်ဝမြို့နယ်တွင်တာဝန်ထမ်း ဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစ၍ လူငယ် သင်တန်းကျောင်းရှိသင်တန်းခန်း မ၌ဆက်လက်ထိုးနှံပေးခဲ့သည်။

အသက်(၆၅)နှစ် အထက်ဘိုးဘွားများ ကာကွယ်ဆေး လာရောက်ထိုးနှံရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့်  ရပ်ကွက်များ၊ အတွင်း လှည့်လည်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက်(၆၅)နှစ်အထက်ဘိုးဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးရန် ယနေ့၊ နံနက် ၇ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အတွင်းအသိပေးနှိုးဆော်ချက်ခြင်း၊ကိုဗစ်- ၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အဆောက်အဦများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမ၌ ယနေ့ ညနေပိုင်း ၃ နာရီအချိန်က ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အဆောက်အဦများအတွက် ထောက်ပံ့ငွေ နှင့် ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုး/အဘွားများကို ကာကွယ် ဆေးထိုး နှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး/ အဘွားများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စုရပ်(၁) အမှတ်(၁၆၈) ရပ်ကွက် အ မ က(၇)ကျောင်း ၊ စုရပ်(၂) အမှတ်(၉၃)ရပ်ကွက် အထက (၄)ကျောင်း၊ စုရပ်(၃)(၆၀)ရပ်ကွက် ဧရာ၀ဏ်ကျောင်းတို့၌ ကိုဗစ် ကာကွယ် ဆေးများ ဆက်လက်ထိုးပေးလျက်ရှိကြောင်း မြိုနယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် ကုသရေး ကော်မတီထံမှသိရပါသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးမည်ဖြစ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နေ့လယ်(၁:၀၀)နာရီတွင်စတင်၍ကိုဗစ်စ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးမည်ဖြစ် ပါသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)