ဦးစီးဌာန(ရုံးချုပ်)

မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ရောဂါ ဝေဒနာရှင်များအတွက် အောက်ဆီဂျင်(၃၅၀)လုံးလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ဝေဒနာရှင်များ အသုံးပြုရန်အတွက် United KMK/Myeik ကုမ္ပဏီက မြဝတီမြို့များမှ အောက်ဆီဂျင်(၄၀)လီတာအိုး (၃၅၀)လုံးသယ်ယူလာသည့် မော်တော်ယာဉ် မြိတ်မြို့သို့ရောက်ရှိ၍ ဩဂုတ်လ(၂၈)ရက် နံနက်ပိုင်းတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဌာနီရှေ့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းသို့ အလှူငွေ(၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀)လှူဒါန်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)၊ ၉ လမ်း၊ ၇၈ လမ်း နှင့် ၇၉ လမ်းကြား၊ အရိပ်မထွက်ဆုတောင်းပြည့် မြတ်စွာဘုရားအရှေ့မုဒ်ရှိ ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းသို့ အလှူရှင် Myanmar CP Iivestock CO, Ltd မိသားစုမှ ယနေ့နံနက် ၁၀ နာရီခွဲက အလှူငွေ (၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀) လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၊အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

လွိုင်လင်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေး (Sinophram) အားဒုတိယ အကြိမ်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် အမှတ်( ၁ ၊ ၂ ၊ ၃ )ရပ်ကွက်များရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားမျာအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ အထက(၁)အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကျန်ရှိသောအမှတ်(၄)ရပ်ကွက်အား ဩဂုတ်လ ၂၉ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteerများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဆေးရုံဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခြင်းအခမ်းအနားကို အဆိုပါ ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မိုးတွင်းကာလ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။

မြင်းမူမြို့နယ်တွင် ဝါမျိုးစုံ(၉၂၈၁)ဧကစိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီ အတွင်း ဝါမျိုးစုံ(၁၉၅၂၀) ဧကစိုက်ပျိုးရန်လျှာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။

နောင်ချိုမြို့နယ်အတွက် လိုအပ်သော ၄၀ လီတာဆန့်အောက်ဆီဂျင်အိုးကြီး (၃၂) လုံး အရည်ဖြည့်ပြီး ထပ်မံရောက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများ အသုံးပြုရန် ၄၀လီတာဆန့် အောက်ဆီဂျင်အိုးကြီး ၃၂ လုံး အရည်ဖြည့်ပြီး လားရှိုးမြို့မှ ယမန်နေ့ ညပိုင်းက ထပ်မံရောက်ရှိလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလ၌ ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း စနစ်တကျ ဝယ်ယူရောင်းချမှုရှိစေရေး တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့်ကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးတို့အတွက် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ယနေ့ နံနက် ၇ နာရီတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)