ဦးစီးဌာန(ရုံးချုပ်)

မိုင်းယောင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဦးစားပေးအလိုက် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုပြီး ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၂၀၀ အား ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေး သွားမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး အလုံးရေ (၁၂၀၀)ရရှိပြီး အဆိုပါကာကွယ်ဆေးအား ဩဂုတ်လ (၁)ရက်နေ့မှ စတင်၍ ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး လှိုင်ကိုဗစ် - ၁၉ ကုသရေးစင်တာရှိရောဂါ ရှာဖွေရေးဌာန (Test Center) အသစ် ထပ်မံဖွင့်လှစ်မည့်နေရာကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးနှင့်တာဝန်ရှိသူများသည်လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူလူထု အခြေပြု လှိုင် ကိုဗစ် - ၁၉ ရောဂါရှာဖွေရေးဌာန (Test Center)အသစ်ထပ်မံဖွင့်လှစ်မည့်နေရာနှင့်ကုသရေးစင်တာသို့ယနေ့ နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းတွင် နေထိုင်သော ပြည်သူများ ပြောင်းရွှေ့နိုင်ရေး လိုက်လံနှိုးဆော်

ကျိုက်ထို၊ ဇူလိုင်၂၈

ကျိုက်ထိုမြို့နယ်အတွင်း ယနေ့ နံနက်(၉)နာရီ(၃၀)မိနစ်အချိန်ခန့်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းကာ ကဒက်ချောင်းမှရေလျှံ၍ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ အနိမ့်ပိုင်းတွင် ရေ ၃ ပေခန့် ဝင်ရောက် လာပါသဖြင့် အနိမ့်ပိုင်း တွင်နေထိုင် သောပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် လိုက်လံနှိုးဆော်လျက်ရှိ ကြောင်းသိရသည်။

ရေဖြုမြို့နယ်၌ တစ်မြို့နယ်လုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စာရင်း ကောက် ယူရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင် ၊‌ရေဖြူမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီက ရေဖြူ မြို၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊‌အောင်သာဝတီခန်းမတွင် ကျင်းပခဲ့သည်။

ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်သူ (၃၄)ဦးနေအိမ်ပြန်ခွင့်ရရှိ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်း အိမ်ယာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာ ရေးကောင်းမွန်သူ(၃၄)ဦးကို နေအိမ်ပြန့်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့တွင် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံများမကြာမီတည်ဆောက်နိုင်တော့မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ မကြာမီကာလအတွင်း စက်ရုံများ စတင်တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်းများနှင့် ဘုန်းကြီးကျောင်းများသို့ Oxygen Concentrator အလုံး ၄၅၀ လှူဒါန်း

မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်း များနှင့် ဘုန်းကြီးကျောင်းများသို့ တစ်လုံးလျှင် ၉သိန်း ၆သောင်းတန် Oxygen Concentrator အလုံး ၄၅၀ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

"ကိုဗစ်-၁၉ ရောဂါဟာ ပြည်သူတစ်ရပ်လုံး စည်းကမ်းလိုက်နာပြီး ရောဂါကာကွယ်ရေး လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အမြန်တွန်းလှန်နိုင်မည်ဖြစ်"

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်အား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့ကတွေ့ဆုံမေးမြန်းထားပါသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)