မုံရွာခရိုင် ချောင်းဦးမြို့နယ် မကျီးခွကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက် နေပြည်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများအား အချိန်တိုအတွင်း လွယ်ကူစွာသယ်ယူပို့ဆောင် နိုင်ရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း ဆောင်ရွက်ရန်လျာထားသည့် မကျီးခွကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ရန် အတွက် ယနေ့ နံနက်(၉)နာရီ အချိန်က မကျီးခွကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်မည့်နေရာအား မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။