တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ အလှူရှင်၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နေလျှက်ရှိရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဗီနိုင်းနှင့်ပိုစတာများကပ်၌ လိုက်လံ အသိပညာပေး ဆောင်ရွက်ခဲ့သည်။