ဒက္ခိဏသီရိမြိုနယ်၌ မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်သွားမည်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အရည်အသွေးကောင်းများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။