နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းများ ပြန်လည်ပြုပြင်နေမှုနှင့် အမှုထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ မြေသားသိပ်သည်းမှုရှိအောင် ဆောင်ရွက်ရေးနှင့် လမ်းခင်းကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။