နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစားကုန်သည် စက်ပိုင်များ ကုန်စည်ဒိုင်ရုံးဖွင့်ပွဲ၊ ပေါ်ဆန်းမွှေး မိုးစပါးရိတ်သိမ်းပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစားကုန်သည် စက်ပိုင်များကုန်စည်ဒိုင်ရုံးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ရက် နံနက်ပိုင်းက အဆိုပါကုန်စည် ဒိုင်ရုံးရှေ့၌ ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိမှုရှိ/မရှိ ကြည့်ရှုနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိမှုရှိ/မရှိကြည့်ရှုနိုင်ရေးအတွက် ယမန်နေ့ နံနက် (၁၀)နာရီက သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အေးမြသာယာကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ‌အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တပ်ကုန်းမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းက မဲရုံဖွင့်လှစ်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး Naypyitaw State Academy ၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းအခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Naypyitaw State Academy Function Hallခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ သမိုင်းဝင်ဘုရားကိုးဆူ စေတီတော်မြတ်အား(စတုတ္ထ)အကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ဘုရားအနေကဇာတင်ရေစက်ချအလှူမင်္ဂလာအခမ်းအနားနှင့်လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲများကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သမိုင်းဝင် ဘုရားကိုးဆူစေတီတော်မြတ်အား (စတုတ္ထ)အကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားအနေကဇာတင် ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် တိုင်းသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကိတ္တိသာရ(စာချ၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တစာသင်တိုက်၊ ပျဉ်းမနားမြို့)၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုသလတို့အမှူးပြုသော သံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့်ဌာနဆိုင်ရာများ၊ ဘုရားကိုးဆူဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ