နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု၊ နွေရာသီအတွက် သောက်ရေပြတ်လပ်မှုမရှိစေရေး ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအနီး၊ သားခိုတောင် ခရီးသွားဖော်ရေးအတွက် တောင်တက်လမ်း ခင်းကျင်းထားရှိမှု၊ ရေဘေးကြောင့် ပျက်စီးခဲ့သည့် ပွဲစားဆည်ပြန်လည်တည်ဆောက်နေမှုလုပ်ငန်းခွင်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိ၍ တောင်တက်လမ်းကွန်ကရစ်ခင်းကျင်းထားရှိမှု၊ ပွဲစားဆည်ပြန်လည်တည်ဆောက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းပိုင်းဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး၊ လိုအပ်သည့်လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများကို ရှင်းလင်းမှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂၀၂၆ ခုနှစ် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၆ ခုနှစ် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ အပျိုဆောင် (၂၂၂‌ ပေ × ၄၄ ပေ) သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အဦ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို  အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြေးဆွဲလျက်ရှိသည့် လူစီးသုံးဘီယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြော

နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြေးဆွဲလျက်ရှိသည့် လူစီးသုံးဘီယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။

နေပြည်တော် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတွင် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆)  သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုတ်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီက ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တက်ရောက်ပါဝင်ဆင်နွှဲမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဈေးများ ဌာနကွပ်ကဲမှုအောက် နေပြည်တော်မြို့မဈေးသို့သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ ငွေလုံးငွေရင်းသဘော(ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (A ၊ B ၊ C ၊ D)ရုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရန်၊ ဈေးအရှေ့ဘက် ယာဉ်ရပ်နားရန်နေရာတို့တွင် ယာယီရောင်းချခွင့်ပြုထားသော ဈေးရောင်းချသူများအား အတွင်းရုံ (A၊ D)ရုံများသို့ ပြန်လည်ရွှေ့ပြောင်းရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ ဈေးတောင်ဘက်မျက်နှာစာ Landscaping လုပ်ငန်းများ လှပအောင်ဆောင်ရွက်သွားရန်၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ဈေးသန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် “အောင်မြေ” အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်မြေအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြတ်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဥတ္တရခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်တွင် ခွေးရူးဂါကြိုတင်ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ခွေးရူးရောဂါကင်းစင်ရေးအတွက် အမျိုးသားအဆင့်စီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ခွေးမှတစ်ဆင့် လူသို့ ခွေးရူးရောဂါကူးစက်ပြန့်နှံခြင်းမှ ကာကွယ်နိုင်ရန်အတွက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖေါ်ဝါရီ ၄ ရက်နေ့အထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့် ဝန်ထမ်းများက လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ