နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထွန်း၊ မွေးကုဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။