နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်တွင် တိုက်ကွမ်ဒို၊ အေရိုးဗစ်နှင့် Fitness Dance သင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် တိုက်ကွမ်ဒို၊ အေရိုးဗစ်နှင့် Fitness Dance သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ၊ ရွှေဟင်္သာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ အခြေခံချည်ထိုးနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံချည်ထိုးနည်းသင်တန်းကို ယမန်​နေ့က အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်အဆင့် အလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ ပေါင်းစည်းလယ်ယာနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့် မြို့နယ်အဆင့်အသင်းဝင်များ၊ နေပြည်တော် MSME အသင်း ဒုဥက္ကဋ္ဌဦးကျော်စိုးလွင်နှင့် မြို့နယ်အဆင့် အသင်းဝင်များနှင့်အတူ မတ်လ ၂၂ ရက်နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ တောင်သူ ဦးမောင်သင်၊ ကွင်းအမှတ် (၁၂၇၀-က) ညောင်လွန့်ကွင်း၊ ပေါင်းစည်းလယ်ယာ ရှင်းလင်းဆောင်တွင်

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများဆိုင်ရာ လုပ်ငန်းညှိနိူင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ ပေါင်းစည်းလယ်ယာနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်မျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့် မြို့နယ်အဆင့်အသင်းဝင်များ၊ နေပြည်တော် MSME အသင်း ဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် မြို့နယ်အဆင့်အသင်းဝင်များနှင့်အတူ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ တောင်သူ ဦးမောင်သင်၊ ကွင်းအမှတ်(၁၂၇၀-က)ညောင်လွန့်ကွင်း၊ ပေါင်းစည်းလယ်ယာရှင်းလင်းဆောင်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့က ပေါင်းစည်းလယ်ယာအတွင်း သီးနှံစိုက်ပျိုးမှု၊ ဆည်ရေဝင်ရောက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

နေပြည်တာ်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဂရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ လယ်ဝေးမြို့နယ် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံနှင့် ပျဉ်းမနား ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က ဂရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများကို ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါး ယဥ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း(YGW)မှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့နံက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ