နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဂန္ထဝါစကစာချဆရာတော်များ၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Artificial Intelligence (Ai) နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား

AI နည်းပညာတိုးတက်ပြောင်းလဲမှုများမှ တစ်ဆင့် (Artificial Intelligence) ဉာဏ်ရည်တုပြောင်းလဲမှုဖြစ်စဉ်များ၊ AI နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဝန်ထမ်းတိုင်းက အခြေခံအားဖြင့် သိရှိနားလည်ထားကြရန် ရည်ရွယ်၍ Artificial Intelligence (Ai) နည်းပညာ သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပရာ ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University ကျောင်းခန်းမ၌ ကျင်းပသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Astra Group PJSC မှ ကိုယ်စားလှယ်အဖွဲ့  Naypyitaw State Polytechnic University တွင် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Astra Group PJSC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ 7 Club ဘိလိယက်နှင့် စနူကာရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဒက္ခိဏသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ စာကြည့်တိုက်များဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိလာစေရန် ရည်ရွယ်၍ ယ‌နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရန်အောင်မြင်အုပ်စု၊ ပေါက်တောကျေးရွာ၊ မြတ်ဆုမွန်စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲကို ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံး ‌ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ရပ်/ကျေးအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်သည်။

ပျဉ်းမနားမြို့နယ်၌ နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာ‌ကောက်ရပ်ကွက်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်၌ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သဒ္ဓမ္မပါလစာမေးပွဲ ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲကျင်းပလျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီခွဲက မြို့နယ်အောင်ဆန်းခန်းမတွင် သီချင်းဆိုပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ  မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာ တာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ  ယနေ့နံနက်ပိုင်းထိ ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ