နေပြည်တော်ကောင်စီနယ်မြေ

ပျဉ်းမနားမြို့နယ်၌ နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာ‌ကောက်ရပ်ကွက်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်၌ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သဒ္ဓမ္မပါလစာမေးပွဲ ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲကျင်းပလျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီခွဲက မြို့နယ်အောင်ဆန်းခန်းမတွင် သီချင်းဆိုပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ  မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာ တာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ  ယနေ့နံနက်ပိုင်းထိ ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ နန်းဦးကျောင်းတိုက်သို့ ဆန်အိတ်များ ဆပ်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ နန်းဦးကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်အိတ်များအား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ‌ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ထက်ခိုင်စိုးနှင့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာချင်းဆက် ကျောက်ချောလမ်းများအား ကွင်းဆင်းစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ကျောင်းဆောင်သစ်များပြီးစီးမှု ကြည့်ရှုစစ်ဆေး၊ ပရဟိတဂေဟာများသို့ ဆန်နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်း၊ ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း MSME လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ