နေပြည်တော်ကောင်စီနယ်မြေ

ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တာဝန်ရှိသူများ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုရား‌ကုန်းကျေးရွာရှိ စိုက်ပျိုး၊ စီးပွား အသိပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် “ ကြံသီးနှံနည်းပညာပေးသင်တန်း (Hybrid)” ဖွင့်ပွဲပြုလုပ်

စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော “ကြံသီးနှံနည်းပညာပေးသင်တန်း(Hybrid)”ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုံရှိ Man Myanmar Hotel (မန်းမြန်မာဟိုတယ်)တွင် ယနေ့နံနက် ၈နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေး

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့်ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌   အခြေခံပညာအထက်တန်း ကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက်  ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့်ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက်  ယနေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်တွင် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ) သင်တန်းအမှတ်စဥ်(၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကာယပညာနှင့်အားကစား နည်းပြ(မွမ်းမံ )သင်တန်းအမှတ်စဥ်(၂/ ၂၀၂၅ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်း တွင် တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက် ကွင်းအမှတ် ၁၄၁၆ နှင့် ၁၄၁၇ ကွင်းတို့တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာနမှ မြေအောက်ရေ စက်ရေတွင်းများတွင် ဆိုလာဖြင့် စိုက်ပျိုးရေပေးဝေရန်နိုင်ရေး လျာထားသည့်နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက် နေကြာသီးနှံစိုက်ခင်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့်  ကင်မွန်းတန်းကျေးရွာရှိ ဦးမောင်ဝင်း၏ရွှေစွန်မင်း ပဲခွဲစက်နှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းနှင့် ကျေးရွာစာကြည့်တိုက်ကို ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းနှင့် ရွှေးစုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းလမ်း၊ ရွှေဥဒေါင်းကျေးရွာ စာကြည့်တိုက်အဆောက်အဦ ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီခွဲက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ