နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဆိုလာစနစ်ဖြင့် မြေအောက်ရေတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး Dr မိုးခိုင်၊ လယ်ဝေးခရိုင်ပညာရေးမှူး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအေးကျော်၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများသည် ယာဉ်မတော်တဆမှုကြောင့် နေပြည်တော် ခုတင်-၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် လယ်ဝေးမြို့ အ.ထ.က (၆) သာဝတ္တိမှ ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့အား သွားရောက်အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးခင်​မောင်လတ် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင်  ဦးခင်မောင်လတ်သည်  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာအတွင်းရှိ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရိုးပြတ်များမီးမရှို့စေရေး၊ သဘာဝ​​မြေဆွေးပြုလုပ်ထားမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် စိုက်ပျိုးမြေ​အဖြစ် အသုံးပြု၍မရသည့် ​မြေနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ရွာတော်)၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ပတ္တမြားဆောင်တွင် ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေးပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဖောင်းလောင်ဆည်ရေသောက်နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဖောင်းလောင်ဆည်ရေသောက် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေး‌နွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ကြီး၏ (၄၉)ကြိမ်မြောက် ဓမ္မဝိနိယ စာတော်ပြန်ပွဲ ဆုနှင်းသဘင်အခမ်းအနား တက်ရောက်ကြည်ညို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၌ (၄၉)ကြိမ်မြောက် ဓမ္မဝိနယ စာတော်ပြန်ပွဲ ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသော ပင့်သံဃာဆရာတော်ငါးပါး၊ စာအောင်သာမဏေ ၂၂၄ ပါး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းဦး၊ မြို့နယ်သာသနာရေးမှူး ဦးသိန်းနိုင်ထူးနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ၁၀၈ ဆူအောင်တော်မူစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဓမ္မစင်္ကြာရွတ်ဖတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နေ့လယ် (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ