ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဆီထွက်သီးနှံစိုက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးကျော်သူရှိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးမင်းထွန်းတို့က မိုးသီးနှံရိတ်သိမ်းမှု၊ ဆောင်းသီးနှံစိုက်ပျိုးမှုနှင့်နှုန်းဖုံး၊ သစ်တိုသစ်စဖုံး လယ်ယာမြေများပေါ်တွင် သီးနှံစိုက်ပျိုးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးမှူး ဦးမြင့်ဇော်က ဆင်သေဆည် လက်ဝဲ/ လက်ယာမြောင်းမများမှ စိုက်ပျိုးရေပေးဝေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမျိုးနိုင်ဦးက ရာဂီမုန်တိုင်းအရှိန်ကြောင့် လယ်ယာမြေများပေါ်တွင် ရောက်ရှိလာသည့် နှုန်း၊ သစ်တိုသစ်စနှင့် အမှိုက်ဒိုက်များ ဖယ်ရှားဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။