တပ်ကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား/သူများ ဆဋ္ဌမကြိမ်မြောက် ဆရာကန်တော့ပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဆရာကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။