နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်း နိုင်လွန်ကတ္တရာ(AC) ခင်းကျင်းနေမှုနှင့် လယ်ဝေးမြို့နယ်၊ ရွှေပြည်တော်ဝင်လမ်း H-1 လမ်း(ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း)အထိ မူလ(၂၄-ပေ)အကျယ်(၂)လမ်းသွား ကွန်ကရစ်လမ်းမှ(၄၈-ပေ) အကျယ်(၄)လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားလိုက် အရည်အသွေးပြည့်မီစွာအသုံးပြုရေး၊ ငလျင်ဘေး အပါအဝင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။