နေပြည်တော်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁ဝ)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိရာ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် လယ်ဝေးခရိုင်ဦးစီးမှူး ဦးသန်းကိုတို့သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ပေတုန်းမြောင်ကျေးရွာတွင် စာရင်းကောက်ယူမှုများ ကြည့်ရှုအားပေးခဲ့သည်။