နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး MSMEထုတ်ကုန်များ ရောင်းချနေမှုကြည့်ရှု၊ ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲ တက်ရောက်
နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် (၂၆)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအနေဖြင့် နေပြည်တော်၏ဒေသထွက်ကုန်များအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်စေရန် ခင်းကျင်း ရောင်းချထားသည့် နေပြည်တော်ဒေသထွက်ကုန်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း(BPI ဆေးဝါးအရောင်းဆိုင်)၊ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ ပြည်တွင်းဈေးကွက် ချိတ်ဆက်ရေးအတွက် လက်လီလက်ကား ရောင်းချသူများနှင့် ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။