နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်သည့်နေရာများ ရေပြန်လည်ကျဆင်းသွားမှု ကွင်းဆင်းကြည့်ရှု၍ မြို့နယ်အတွင်း ဆောင်းသီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့်တွေ့ဆုံ
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ၊ တံတားချဉ်းကပ်လမ်း ပျက်စီးမှုများအား ဒေသခံများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။