နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူ နည်းပညာပေး ဆွေးနွေးပွဲတက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သရက်ခုံ ကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမ၌ ကျင်းပသည့် သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို တက်ရောက်သည်။