နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ကွင်းအမှတ် (၁၈၁၃)ကွင်းအတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး DY 1လက်တံမြောင်းမှရေပေးဝေမှုအခြေအနေ၊ တောင်သူ ဦးအေးလွင်၏ လယ်(၃)ဧကအား နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် နွေစပါးနှံကောက်မျိုးအား seeder ဖြင့်စိုက်ပျိုးနေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများနှင့် ဆည်တမံများ ပြန်လည်ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၂၂၂၀၊ ၂၃၀၈၊ ၂၃၄၂ တိုက်များ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ချိန်အတွင်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေး အမြဲမပျက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်းမှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းသား ၃၈ဦး လွတ်ငြိမ်းခွင့်ရရှိ

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်၊ ကင်းသာအကျဉ်းဦးစီးဌာန၊ ကင်းသာ(၁)ကုန်ထုတ်စခန်း အစည်းအဝေးခန်းမ၌ (တပေါင်းလပြည့် အခါသမယနှင့်တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်၊ ၆/၂၀၂၆၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ထပ်မံ၍ ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် မတ် ၂ရက်တွင်ကင်းသာ(၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ(၂)ကုန်ထုတ်စခန်းတို့မှ စုစုပေါင်း ၃၈ဦးလွတ်ငြိမ်းခွင့်ရရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း

၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ် မြို့မဈေးနှင့် ပျံကျဈေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မြို့မဈေးနှင့် ပျံကျဈေး၌ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်းလုပ်ငန်းများကို ယမန်‌နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၂၁)ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော်ကြီးများထံမှ (၂၁)ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီတွင် ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၊ ဆွမ်းစားခန်းမ၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ဒေသခံသြဝါဒစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် နွေစပါး မျိုးစေ့ချစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှုအား‌ပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကံသာကျေးရွာဓမ္မာရုံတွင်လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ဓမ္မာရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ အဟာရသုခဈေး ယာယီဈေးဆိုင်ခန်း ဆောင်ရွက်ထားရှိမှု လယ်ဝေးမြို့  H1 လမ်း ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် နေပြည်တော်ကောင်စီလမ်း နိုင်လွန်ကတ္တရာ (AC) ခင်းကျင်းနေမှုတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယ‌မန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပျဥ်းမနားမြို့နယ်၊ အာဟာရသုခဈေးသို့ သွားရောက်ပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဈေးဆိုင်ခန်းများအစား ယာယီဈေးဆိုင်ခန်း ဆောင်ရွက်ထားရှိမှုနှင့် ဈေးဆိုင်ခန်းအတွင်း ဈေးရောင်းချနေမှုအခြေအနေများကိုလည်းကောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့မှုများအား ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ‌ဈေးအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများအား မီးလောင်မှုထပ်မံမဖြစ်ပွားစေရေး အလေးထားဂရုပြုဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဈေးသူဈေးသားများအား တာဝန်ရှိသူများအနေဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဈေးအတွင်း ရေးစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း အမှိုက်ကင်းစင် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့လုံးကျွတ်အမှိုက်ကင်းစင်သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက်များ စုပေါင်းရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ