နေပြည်တော် အချုပ်ထောင်၌ အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေး
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ နေပြည်တော်အချုပ်ထောင်၊ ဧည့်တွေ့နားနေဆောင်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၀/၂၀၂၅) ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်ဒဏ်ကျခံလျက်ရှိသူများအား ရာဇဝတ်ကျင့်ထုံးဥပဒပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။