နေပြည်တော်ကောင်စီနယ်မြေ

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြုလုပ်ပြသ

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာ ထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းအား ယမန်နေ့နံနက်ပိုင်းက ချိုင်းကျေးရွာ တောင်သူ ဦးကျောက်၏ နေအိမ်ခြံဝင်း၌ ဆောင်ရွက်သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ မှန်ကန်သော အတွေးအခေါ်များဖြင့် အပြောအဆိုအတတ်ပညာများ ဖွံ့ဖြိုးစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများ ပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ရင်းနှီးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ ပျဉ်းမနားမြို့နယ်၌ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်

၂၀၂၆ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၈)ရပ်မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ကျောင်းအုပ်ကြီး ဦးမျိုးမင်းကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများ တက်ရောက်သည်။

မူလတန်းကြို‌ကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ Genius House မူလတန်းကြိုကျောင်း၌ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး Campaing ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် သပြေကုန်းစျေးရှေ့တွင် စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး Campaing ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကွင်းဆင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွဋ်နှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ (၂/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမင်းဦးတို့သည် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ၊ ခရိုင်အထူးအဖွဲ့များ တက်ရောက်ခဲ့သည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

တပ်ကုန်းမြို့၌ စွန့်ပစ်ပစ္စည်း (အမှိုက်) ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ပူးပေါင်းကျင်းပသည့် စွန့်ပစ်ပစ္စည်း (အမှိုက်) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ