နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ ကွင်းအမှတ် ၁၈၈၅ တောင်သူ ဦးထွန်းဝေ၏ လယ်၅၀ ဧကတွင် ပေါ်ဆန်းရင်စပါး စိုက်ပျိုးနေမှု၊ သဘာဝမြသြဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက်နေမှု၊ ကောက်ရိုးဖြင့် သဘာဝမြေဩဇာ ပြုလုပ်နေမှုများကိုလှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ပုဗ္ဗသီရိမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉:၀၀ နာရီ အချိန်က ဆင်ဖြူရှင်ရက်ကွက်ရှိဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ရသည်။ 

ဥတ္တရသီရိမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင်  ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ဒေသခံပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၃)၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံတွင် လက်တွေ့ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်ရေခွန်ကောက်ခံရရှိမှုအခြေအနေနှင့် အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊  ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ် ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ သမဝါယမအသင်းစုလုပ်ငန်းများ လည်ပတ်မှုမှန်ကန်စေရေးကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား)ဦးအောင်ပြည့်စိုးသည် ပြည်ထောင်စု နယ်မြေ၊နေပြည်တော် သမဝါယမဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ်သမဝါယမအသင်းစုလုပ်ငန်းများ လည်ပတ်မှုမှန်ကန်စေရေး ကွင်းဆင်းကြည့်ရှုသည်။

ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော် စာပေဝိုင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး ရေးသားသည့် “ဓမ္မိယလဒ္ဓ”ဆောင်းပါးနှင့် ဒေါက်တာမြတ်မိုး ရေးသားသည့် “အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းခြင်းအရည်အသွေးတစ်ခု” ဆောင်းပါးများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ(ညောင်ဦး)၊ စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊  နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များ နှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစစ်ဆေး၊ အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်း‌ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်သို့ သွားရောက်ပြီး ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် အဝင်လမ်းတွင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် Wisdom Hill ကိုယ်ပိုင် အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်  Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့‌ကြောင်း သိရသည်။ 
Subscribe to နေပြည်တော်ကောင်စီနယ်မြေ