နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားတက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တဲကြီးကုန်းကျေးရွာ တောင်သူ ဦးမျိုးနိုင်ဦး၏ ကွင်းအမှတ် (၁၆၅၉) ကွင်း၌ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူဆွေးနွေးပွဲ၊ ယူရီးယားဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။