နေပြည်တော်ကောင်စီဝင် ဦးမင်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ညောင်ပင်ကြီးစုကျေးရွာဓမ္မာရုံ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။