နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့်မြို့နယ်များအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်စီပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနာဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအတွင်းရေဝင်ရောက်မှု၊ မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်၊ တပ်ကုန်း-ဥတ္တရသီရိလမ်း မိုင်တိုင် ၁၆ အနီး လမ်းတစ်ခြမ်းနိမ့်မှုကြည့်ရှု

နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းက နဝင်းချောင်းရေလျှံမှုကြောင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရွက်လျက်ရှိသည့် ညောင်ပင်သာကျေးရွာ၊ ဝိုင်းခြံများအတွင်းချောင်းရေဝင်ရောက်မှု၊ နုန်းတင်ကျန်ရစ်မှု၊ ရွာတွင်းလမ်းပျက်စီးမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်များ သက် ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

ဇေယျာသီရိမြို့နယ် ကျည်တောင်ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝင်ရောက်သည့် အိမ်ထောင်စုများအား ရေသန့်ဖြန့်ဝေရေး၊ တံတားပျက်စီးမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုခဲ့ရာ မိုးတင်ရေ၊ လယ်ကြားရေများ ဗိုလ်မင်းရောင်ရပ်ကွက်၊ အနိမ့်ဝိုင်းခြံများအတွင်း ဝင်ရောက်နေမှုများ၊ ရပ်ကွက်ပြည်သူများစုပေါင်းပြီး ရပ်ကွက်ရေဆိုးထုတ်မြောင်းအတွင်း ဒိုက်အမှိုက်သရိုက်များ ရှင်းလင်းနေမှုများ ကြည့်ရှုကာ လိုအပ်သည်များ သက်ဆိုင်ရာဌာနများအားမှာကြားခဲ့ပြီးနောက် စုပေါင်းရှင်းလင်းနေသည့် ပြည်သူများကို မုန့်များပေးအပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ယာယီရေဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် စောင်များပေးအပ်၊ နေပြည်တော်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာခြင်းလုံးအသင်းများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ လယ်တီစံကျောင်းတိုက်သို့သွားရောက်ပြီး လယ်တီဗိမ္မာန်တွင် ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာ ယာယီလာရောက်နေထိုင်စဉ်ကာလအတွင်း စားဝတ်နေရေးကိစ္စရပ်များကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် ယာယီဆေးခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင်ပြည်သူများမှလည်း စည်းကမ်းတကျနေထိုင်ကြရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ပေးရန်လိုကြောင်း၊ ယာယီနေထိုင်သူများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်ကြရန်လိုကြောင်း၊ လိုအပ်ချက်များရှိပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို တင်ပြဆောင်ရွက်နိုင်ကြောင်း၊ ရေပြန်ကျပြီး မိမိနေရပ်ကို ပြန်လည်ရောက်ရှိပါကလည်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ကျည်တောင်ရေဘေးရှောင်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးနှစ်သိမ့်‌ဆွေးနွေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျည်တောင်ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးနှစ်သိမ့်‌ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ ကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် “ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခန်းမ၌ကျင်းပရာ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် လုပ်ငန်းရှင် ၂၀ ဦး တက်ရောက်သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းလေးခု၌ ရေဘေးသင့်ပြည်သူ ၂၇၀၀ကျော်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်ရေများတိုးမြှင့်လာခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားရှိပြီး ယနေ့နံနက်ပိုင်းအထိ ရေဘေးသင့်ပြည်သူ ၂၇၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ မြစ်ချောင်းကမ်းဘေးကျေးရွာများအတွင်း ရေဝင်ရောက်မှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်မြစ်ရေများတိုးမြှင့်လာခဲ့ပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိ မြစ်၊ ချောင်းကမ်းဘေးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ