တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ပညာရှင်အဖွဲ့ ကွင်းဆင်းဆွေးနွေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး နှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပညာရှင်အဖွဲ့ နည်းပညာပေးဆွေးနွေးခြင်းကို ဩဂုတ် ၁ ရက် နံနက်ပိုင်းက ရွေးစုကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (KC) ခန်းမတွင် ကျင်းပခဲ့သည်။