ဒက္ခိဏသီရိမြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဒက္ခိဏသီရိမြို့နယ်တွင်းရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများ အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။