နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီသီရိမြို့နယ်၊ ပတ္တာရွာဟောင်းရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပျိုးခြံ အမှတ်-၂ သို့သွားရောက်ပြီး ပျိုးခြံအတွင်း နှစ်တို၊ နှစ်ရှည်ပင်များ၊ အရိပ်ရ လေကာအပင်များပျိုးထောင်ထားရှိမှုများနှင့် ပျိုးပင်များပျိုးထောင်ရန်အတွက် မြေဆွေးအိတ်များပြုလုပ်ခြင်းနှင့် သဘာဝမြေဆွေးများ ပြုလုပ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။