နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ မိုးရွာသွန်း၍ ကျေးရွာချင်းဆက် ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ် လမ်း ရေတိုက်စား ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ သကြားဟင်းအိုးနှင့် တောင်ပို့သာကျေးရွာချင်းဆက်လမ်း၊ ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ်လမ်း တောင်ကျရေကြောင့် ယမန်နေ့ နေ့လယ်ပိုင်းက ရေတိုက်စား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ ဂတ်ချိုင်းကျေးရွာတွင် ရွှေမြို့နယ်မြေရဲစခန်းမှ ဦးဆောင်ကျင်းပသည့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ နိဗ္ဗာန်လမ်းပြဓမ္မာရုံတွင် ကျင်းပခဲ့ရာ ဒေသခံပြည်သူ ၁၀၅ ဦး တက်ရောက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ကုန်ထုတ်လမ်းများကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရာဇသင်္ဂဟလမ်းဘေး၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာနှင့် မှန်တောကျေးရွာများရှိ ကုန်ထုတ်လမ်းနှင့် ရေနုတ်မြောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ “ရောင်ခြည်ဦး” စာကြည့်တိုက်၊ ရှောက်ကုန်းကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။

ဇေယျာသီရိခရိုင်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှု၊ တိုင်ကြားမှုယန္တရားများ၊ ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂ဝ၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သံဃာ၊ သီလရှင် ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂ဝ၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သံဃာ၊ သီလရှင် ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်‌တည်ဆောက်ရေးနှင့် တည်ဆောက်ဆဲလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာ(၅၂)လုံး အသစ်ပြန်လည်‌တည်ဆောက်ရေးနှင့် နေပြည်တော်ကောင်စီ၏ ဆောင်ရွက်ဆဲ ဝန်ထမ်းအိမ်ရာ(၁၄)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါ စိုက်ပျိုးထားရှိမှုနှင့် ဝါးစိုက်ပျိုးရေးပျိုးပင်များပေးအပ်ခြင်းနှင့် သီးနှံဈေးကွက်ရရှိရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်း၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိုးစပါး၊ မိုးချည်မျှင်ဝါ စိုက်ပျိုးထားရှိမှုနှင့် ဝါးစိုက်ပျိုးရေးအတွက် ပျိုးပင်များပေးအပ်ခြင်းနှင့် သီးနှံဈေးကွက်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ