နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အပြုံးပန်းမူကြိုကျောင်း၊ မိုးရင်ခွင်မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ WEE KIDS မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။