တပ်ကုန်းမြို့၌ ကောက်စိုက်စက်ဖြင့် မိုးစပါး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့လယ်ပိုင်းက အင်ဖက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးရွှေညိုလယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။