ဥတ္တရသီရိမြို့နယ် ဂွေးချိုကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ဂွေးချိုကျေးရွာ “ပညာအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။