ကချင်ပြည်နယ်

မိုးညှင်းမြို့၌ အခွန်ပညာပေးရှင်းလင်းပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတည်ထောင်သူများ၊ စီမံအုပ်ချုပ်သူများနှင့်တွေ့ဆုံ၍ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူများ စီမံအုပ်ချုပ်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၂၅ ရက်ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။

ဝိုင်းမော်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (PUBLIC TALK) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနား‌‌ကျေးရွာ ရွှေနဒီခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (PUBLIC TALK) ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့တက်ရောက်

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံမှုအဖွဲ့ကကြီးမှူး၍ ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သဘောဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မနောကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မချမ်းဘောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက်နံနက် ၇ နာရီကမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မိုးကောင်းမြို့၌ ၂၀၂၆-၂ဝ၂၆၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က (၁) ကျောင်း မဥ္ဇူသကခန်းမ၌ မေလ(၂၅)ရက် နံနက် (၉) နာရီတွင် ကျင်းပသည်။

ကာမိုင်းမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အထက(ကာမိုင်း)ကျောင်း မြစိမ်းရောင်ခန်းမ၌ မေလ(၂၅)ရက် နံနက်(၉) နာရီတွင် ကျင်းပသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိုးကောင်းမြို့နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို အ.ထ.က(၁)ကျောင်းရှေ့၌ မေလ(၂၂)ရက်နံနက်(၈)နာရီတွင် ကျင်းပသည်။

မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၅)ရက် နံနက်ပိုင်းမှစတင်ကာ အခြေခံပညာစာသင်ကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်