ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ အင်ဂျင်နီယာမှူးများ၊ အရာထမ်းများနှင့်တွေ့ဆုံ
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။