နောင်မွန်းမြို့နယ်၌ တောင်ကမ်းပါးယံပြိုကျမှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရေး ရပ်တန့်မှုဖြစ်ပေါ်
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့- နောင်မွန်းကားလမ်းမပေါ်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် မေလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။