ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ပူတာအိုမြို့နယ်အတွင်းရှိ ငါးသယံဇာတမွေးမြူထုတ်လုပ်မှုမြင့်မားစေရေးနှင့် လက်ဖက်စိုက်ပျိုးမှုတိုးတက်လာစေရေး ကွင်းဆင်းစစ်ဆေး
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် ငါးသယံဇာတတိုးတက်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်အတူ မေ (၁၈) ရက်နေ့က ပူတာအိုမြို့ရှိ ငါးကန်းများနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ လက်ဖက်ခြံများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။