ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအနက်ကျန်ရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့၊ မြို့ရေကြီးရေလျှံမှု ကာကွယ်ရေး အင်ဂျန်းချောင်း ရေထွက်ပေါက်နေရာ၌ ရေထိန်းတံခါးပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၁ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရေဘေးသင့် ပြည်သူများအနက် ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုအတွင်းမှ ကျန်ရှိသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။